မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

ဟောလီးဝုဒ်အနေနဲ့ဆို ကျွန်မက ဝနေပါပြီလို့ဆို လာသူ ဂျနီဖာလောရန့်စ်

Share
ဟောလီးဝုဒ်မင်း သမီး ဂျနီဖာလောရန့်စ် က ဝလာတဲ့အတွက် Hunger Game ရုပ်ရှင်မှာ ဆက်ပြီး သရုပ်မဆောင်တော့ဘူးလို့ ပြောပါတယ်။ သူမက ဟောလီးဝုဒ်ရဲ့ အလှ အပ သဘောထားနဲ့ မင်းသမီး တစ်ယောက် ရှိသင့်တဲ့ ကိုယ်အလေးချိန်သတ်မှတ် ချက်တွေကို ဝေဖန်ခဲ့ပါတယ်။ “ဟောလီးဝုဒ် အနေ နဲ့ဆိုရင် ကျွန်မက ဝနေပါပြီ။ အဝ လွန်နေတဲ့ မင်းသမီးဖြစ်နေပြီ” လို့သူမက ELLE  မဂ္ဂဇင်းကို ပြောပါတယ်။ “ကျွန်မအစာငတ်ခံပြီး မနေနိုင်ဘူး။ ပိန်ပိန်လေး မဖြစ်ချင်ဘူး။ ကျွန်မက ကျစ်ကျစ်လျစ်လျစ်နဲ့ Strongဖြစ်တာမျိုးပဲ သဘောကျတယ်”လို့ သူမက ထပ်လောင်းဆိုပါတယ်။ ဒါ့အပြင် သူမနဲ့ ပူးတွဲသရုပ်ဆောင် နီကိုလပ်စ်ဟော့တို့ရဲ့ ဆက်ဆံရေးကိုလည်း ပြော ခဲ့ပါသေးတယ်။ “သူက ကျွန်မရဲ့ သူငယ်ချင်းကောင်းတစ်ဦးလို့လည်း ဆိုရမှာပါ။ ကျွန်မသဘောကျတဲ့သူ တစ်ယောက်ပါ။ ကျွန်မကို ရယ်အောင် လုပ်ပေးနိုင်တယ်”လို့ ဂျနီဖာလောရန့်စ်က ဆိုပါတယ်။

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်