မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

ဂါဇာကမ်းမြောင်ဒေသအား လေကြောင်းထိုးစစ်ဆင်မှု အစ္စရေးတိုးမြှင့်၊ သေဆုံးသူအများစုမှာ အမျိုးသမီးနှင့် ကလေးငယ်များသာဖြစ်

Share
ဂျေရုစလင်၊ နိုဝင်ဘာ ၁၉
အစ္စရေးတို့သည် ဂါဇာကမ်းမြောင်ဒေသအား လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်သည်မှာ ခြောက်ရက်ကြာ ရှိခဲ့ပြီဖြစ်ပြီး ၄င်းဒေသအား ထိုးစစ် ဆင်မှုချဲ့ထွင်ရန် အသင့်ဖြစ်နေကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက နိုဝင်ဘာ ၁၈ ရက်က ပြောကြားသည်။ ”ဟားမတ်စ်နဲ့ အကြမ်းဖက် အဖွဲ့တွေကို ချေမှုန်းဖို့ငွေကြေး အမြောက်အမြား သုံးစွဲမှာပါ။ ဂါဇာကမ်းမြှောင်ဒေသ စစ်ဆင်ရေးကို ဆက်လက်ပြုလုပ် လျက်ရှိပြီး ကျယ် ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမှာပါ” ဟု ၄င်းက ဝန်ကြီးအဖွဲ့ အ စည်းအဝေးတွင် ပြောကြားသည်။ သို့ရာတွင် အစ္စရေးတို့၏ ဂါ ဇာကမ်းမြောင် စစ်ဆင်ရေး၌ နိုဝင် ဘာ ၁၈ ရက်တစ်ရက်တည်းပင် သေဆုံးသူ ပါလက်စတိုင်းနိုင်ငံသား ၂၉ ဦးအထိရှိပြီး သေဆုံးမှုအမြင့် တက်ဆုံးနေ့ဖြစ်ကြောင်းသိရသည်။  ထို့အပြင် အဆိုပါ စစ်ဆင်ရေး ၌ ကလေးငယ်များနှင့် အမျိုးသမီး များအများဆုံးသေဆုံးခဲ့ပြီး ဟားမတ်စ် သူပုန်များသေဆုံးခဲ့ခြင်း မရှိ ကြောင်း ဆေးဝန်ထမ်းများက ပြောကြားသည်။ နိုဝင်ဘာ ၁၄ ရက်က စတင်ခဲ့သည့် အဆိုပါ ထိုးစစ်ဆင်မှု၌ သေဆုံးသူ ပါလက်စတိုင်း   ပြည်သူစုစုပေါင်း ၇၅ ဦးရှိပြီး ၇ဝဝ ဦးဒဏ်ရာရရှိခဲ့ကာ အစ္စရေးနိုင်ငံ သား ၃ ဦးသေဆုံးခဲ့ပြီး ၅ဝ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။  အီဂျစ်သမ္မတ မိုဟာမက်မော်ဆီက လည်း ဟားမတ်စ်သူပုန်အဖွဲ့ အကြီးအကဲ Kholed Meshaal နှင့် အစ္စလာမ်မစ်ဂျီဟတ် အကြီးအကဲ Abdullah Shalah နှင့် တွေ့ ဆုံခဲ့ပြီး အဆိုပါတိုက်ခိုက်မှု အဆုံး သတ်ရန်ကြားဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။ သို့ရာတွင် ဂါဇာကမ်းမြောင် ဒေသ၌ ပစ်ခတ်မှုများအားလုံး ရပ် စဲရန် ပထမဦးဆုံး လုပ်ရမည်ဖြစ်ကြောင်းနှင့် လက်နက် ကိုင်အဖွဲ့ဝင် အားလုံးကလည်း ယင်းအချက်ကို သဘောတူညီ ရမည်ဖြစ်ကြောင်း အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး Avigdor Lieberman က ပြောကြားသည်။ အဆိုပါ အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းမှု၌ ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီး ဝီလျံဟိတ်က ”အစ္စရေးတို့ ဂါဇာကမ်းမြှောင်ဒေသကို ကျူးကျော် တိုက်ခိုက်နေတာက နိုင်ငံတကာရဲ့   ထောက်ပံ့မှုနဲ့ ကိုယ်ချင်းစာမှုကို လက်လွှတ် ဆုံးရှုံးနိုင်ပါတယ်” ဟုပြောကြားခဲ့သည်။ ပါလက်စတိုင်း ပြည်သူများ အား အစ္စရေးတို့၏ ကျူးကျော် တိုက်ခိုက်မှုကို ငြိမ်းချမ်းစွာသာ ဆန္ဒပြကြရန် ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်က နိုဝင်ဘာ ၁၈ရက်က တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။ ထို့အပြင် အီဂျစ်နိုင်ငံသား
လူ့ အခွင့်အရေး လှုပ်ရှားသူ ၅ဝဝ ကလည်း ဂါဇာကမ်းမြောင်ဒေသသို့ လာရောက်ခဲ့ပြီး ရှိဖာဆေးရုံ၌ ဒဏ်ရာရရှိသူများအား သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်