မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

နိုင်ငံရှိ မသန်စွမ်းသူ ၈၅ ရာခိုင်နှုန်းကျော် အလုပ်လက်မဲ့ ဖြစ်နေခြင်းသည် ၄င်းတို့ ဆင်းရဲတွင်း နက်နေရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်

မြန်မာနိုင်ငံရှိ မသန်စွမ်းသူ ၈၅ ရာခိုင်နှုန်းခန့်မှာ အလုပ်လက်မဲ့များ ဖြစ်နေခြင်းသည် မသန်စွမ်းသူများ ဆင်းရဲတွင်း နက်နေရခြင်း ၏ အကြောင်းရင်းတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အသင်းမှ ကိုနေလင်းစိုးက ပြောသည်။
ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး တွင် မသန်စွမ်းဆင်းရဲသူများ၏ အရေးကိစ္စများကို ထည့်သွင်းလုပ်ဆောင်ခြင်း မရှိပါက ရာနှုန်းပြည့် မအောင်မြင်နိုင်ဟု နိုင်ငံတကာ ပညာရှင်များက ထောက်ပြပြောဆိုမှု များရှိကြောင်း ၄င်းက ဆိုသည်။
မြန်မာနိုင်ငံ၌ မသန်စွမ်းသူ ၁၃ သိန်းခန့်ရှိပြီး မသန်စွမ်းသူ များသည် ပညာရေးတွင် များစွာ နောက်ကျကျန်နေသည်ကို တွေ့ရ ပြီး ကျောင်းနေအရွယ် မသန်စွမ်း ကလေး ၁ဝဝ တွင် ၅၃ ယောက်မှာ မူလတန်းပင် သင်ယူခွင့် မရရှိကြ သေးကြောင်း သိရသည်။
”မသန်စွမ်းတွေဟာ ပညာရေးမှာ နောက်ကျကျန်နေခဲ့တဲ့အတွက် အသက်မွေးဝမ်း ကျောင်းရာမှာ နောက်ကျတယ်။ အခြေခံပညာမှမတတ်ဘဲ ဘယ်လိုကွန်ပျူတာသင် မလဲ။ စက်ချုပ်အတွက်အတွက် အချက်တွေကို ဘယ်လိုသင်မလဲ” ဟု ကိုနေလင်းစိုးက ပြောသည်။ ကမ္ဘာ့အဆင်းရဲဆုံး လူတန်းစား အုပ်စုတွင် မသန်စွမ်းသူများ နှစ်ဆယ်ရာခိုင်နှုန်းခန့် ပါဝင်နေပြီး မသန်စွမ်းသူများ၏ ရှစ်ဆယ်ရာခိုင် နှုန်းသည် ဖွံ့ဖြိုးဆဲနှင့်ဆင်းရဲသော နိုင်ငံများတွင် အများဆုံးရှိနေကြ သည်။
ကမ္ဘာပေါ်တွင် မသန်စွမ်းသူ အရေအတွက်မှာ ကမ္ဘာ့ ဒုတိယ လူဦးရေအများဆုံးဖြစ်သော အိန္ဒိယ နိုင်ငံ၏လူနှင့်ညီမျှသည့်ဦးရေ သန်း ၁၁ဝဝ ခန့်ရှိကြောင်း သိရသည်။
”ကမ္ဘာကြီးအနေနဲ့ ဘာတွေပဲ စဉ်းစား၊ ဘာတွေပဲဆောင်ရွက်နေ ပါစေ များပြားတဲ့ ဒီ မသန်စွမ်းလူဦး ရေတွေရဲ့ လူ့စွမ်းအားအရင်းအမြစ် ကို မေ့ထားလို့မဖြစ်ဘူးဆိုတဲ့ တိုက် တွန်းသံတွေကို ခဏခဏ တွေ့ရပါ တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ဆင်းရဲတဲ့ နိုင်ငံတွေက ကမ္ဘာပေါ်မှာ ပိုများ တယ်။ လူဦးရေကလည်း ပိုများ တဲ့အတွက်ကြောင့် မသန်စွမ်းသူ ရာခိုင်နှုန်းတွေကလည်း အဲဒီ နိုင်ငံ တွေမှာ ပိုများလေပဲ ဖြစ်တယ်”ဟု ၄င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ စာတတ်မြောက် မှုနှုန်းမှာ ၉၆ ရာခိုင်နှုန်း ကျော်ရှိပြီး မသန်စွမ်းကလေး ၅၃ ရာခိုင်နှုန်း ကျော်မှာ စာတတ်မြောက်ခြင်း မရှိသေးဘဲ ဘွဲ့ရရှိသော မသန်စွမ်းမှာ တစ်ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း ၄င်းထံမှ သိရသည်။

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်