မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

FTTX တန်ဖိုး ဈေးလျှော့ရန် စီစဉ်နေ

ဖိုင်ဘာကေဘယ်လ်သုံး FTTX စနစ် ကနဦးတပ်ဆင်ခနှင့် လစဉ်ကြေးများ လျှော့ချပေးရန် စီစဉ်နေသည်ဟု ဝန်ဆောင်မှုပေးသည့် Fortune International  ကုမ္ပဏီမှ သိရသည်။
“FTTXနှုန်းထားတွေ လျှော့ချပေးဖို့ ရတနာပုံ တယ်လီပို့ကို စာတင်ထားပါတယ်။ တယ်လီပို့က ခွင့်ပြုချက်ကျပြီးနှုန်းထား သတ်မှတ်ပေးလိုက်တဲ့ အခါကျရင်တော့ တရားဝင်ကြေညာ ပေးသွားမှာပါ” ဟု ယင်းကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိတွင် FTTXစနစ်၌ အင်တာနက်လိုင်း၊ ဖုန်းနှစ်မျိုးသာ ဝန်ဆောင်မှုပေးထားပြီး ကနဦးတပ်ဆင်ခကို ကျပ်ခုနစ်သိန်းငါးသောင်း၊ လစဉ်ကြေး မြန်နှုန်းအပေါ် မူတည် ၍ ကောက်ခံလျက်ရှိရာ တပ်ဆင်သူ နည်းပါးလျက် ရှိနေကြောင်း သိရသည်။
”အရင်ထက် တပ်ဆင်သူတွေ နည်းသွားပါတယ်။ လက်ရှိ အနေအထားအရ ADSL နဲ့ မိုဘိုင်း အင်တာနက်နှုန်းထားတွေ လျှော့ချ ပေးထားတော့ တပ်ဆင်ချင် သူတွေ ဈေးကျမလားလို့ စောင့်နေတဲ့ သဘောထင်ပါတယ်။ ဒီအတွက်ကိုလည်း ရတနာပုံ တယ်လီပို့အနေ နဲ့ FTTX နဲ့ ADSL ကို နှုန်းထားလျှော့ဖို့ ညှိနှိုင်းနေပါပြီ။ တစ်လ လောက်တော့ စောင့်ကြည့်ဦးမယ် လို့တော့ ရတနာပုံ တယ်လီပို့မှ သိရပါတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။
FTTX  စနစ်ကို ရတနာပုံ တယ်လီပို့၏ ဦးဆောင်မှုဖြင့် Elite Tech ကုမ္ပဏီနှင့် Fortune International ကုမ္ပဏီ နှစ်ခုကသာ ရန်ကုန်မြို့ ဆူးလေဘုရားမှ နှစ် ပိုင်းခွဲ၍ ဝန်ဆောင်မှုပေးနေပြီး ကနဦးတပ်ဆင်ခ အရစ်ကျရောင်း ချမှုကို Fortune မှ ဆောင်ရွက် ပေးနေကြောင်း သိရသည်။
“ADSL တောင်ကျပ် ခြောက်သိန်းကနေ ငါးသောင်းဖြစ်သွားတယ်။ FTTX လည်း ဒီလောက် နှုန်းဖြစ်မယ်ဆိုရင် တပ်ဆင်ဖို့ အသင့်ရှိပါတယ်” ဟု လသာမြို့ နယ်မှ အင်တာနက်ဆိုင် ပိုင်ရှင် တစ်ဦးက ပြောသည်။
လက်ရှိတွင် FTTXစနစ်၏ လစဉ်ကြေးများအား အွန်လိုင်းမှ တစ်ဆင့် ဘီလ်ဆောင်ခွင့် ပေးရန်အတွက် ရတနာပုံတယ်လီပို့မှ ဆောင်ရွက်လျက်ရှိနေပြီး လာမည့် ဒီဇင်ဘာတွင် ဝန်ဆောင်မှု စတင် နိုင်မည်ဟု ရတနာပုံတယ်လီပို့ တာ ဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဖိုင်ဘာ ကေဘယ်လ်သုံး FTTXစနစ်ကို ရန်ကုန်နှင့် မန္တလေးမြို့များတွင်သာ အသုံးပြုနိုင်ပြီး ရန်ကုန်တွင် ၂ဝ၁၂ နှစ်ဆန်းပိုင်းမှ ဝန်ဆောင်မှုပေးခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်